ဂျပန်နိုင်ငံ၌ ရက်သတ္တ ၁၆ ပတ်မြောက်အဖြစ် ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်

Powered by Drupal

    ဂျပန်နိုင်ငံရှိ စူပါမားကတ်များတွင် ဆန်ဈေးများ ဆက်လက်မြင့်တက်နေပြီး နိုင်ငံပိုင် သိုလှောင်ရုံများမှ ဈေးကွက်အတွင်းသို့ မတ်လနှောင်းပိုင်းတွင် ဆန်ဖြန့်ဖြူးမှု စတင်ခဲ့သော်လည်း လက်လီဈေးနှုန်းသည် သီတင်းပတ် (၁၆) ပတ် အတွင်း ဆက်တိုက် မြင့်တက်သွားခဲ့ကြောင်း သိရှိ ရပါသည်။

          ဧပြီလ ၂၀ ရက်နေ့အထိ သီတင်းပတ် (၁) ပတ်တာအတွက် ဆန် ၅ ကီလိုဂရမ်၏ ပျမ်းမျှ စျေးနှုန်းမှာ ယန်း ၄၂၂၀ သို့မဟုတ် ၂၉ ဒေါ်လာခန့်ဖြစ်သည်ဟု ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားထားသည်။ ၎င်းသည် နိုင်ငံတစ်ဝန်းရှိ စူပါမားကတ်ပေါင်း ၁၀၀၀ ခန့်ကို အပတ်စဉ် စစ်တမ်း ကောက်ယူမှုအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း သိရပါသည်။

          ဆန်စျေးနှုန်းသည် ယခင်အပတ်ကထက် ဂျပန်ယန်းငွေ ၃ ယန်း သို့မဟုတ် ၀.၀၂ ဒေါ်လာ ခန့် မြင့်တက်ခဲ့ရာ လွန်ခဲ့သည့်တစ်နှစ်ကာလ၌ ယန်း ၂၀၀၀ ကျော်မျှသာရှိသည့် ဈေးနှုန်းထက်  နှစ်ဆတိုးလာခဲ့ကြောင်း၊ အစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အရန်ရိက္ခာ သိုလှောင်ထားရှိမှုမှ တတိယအကြိမ် ဆန်လေလံတင်ရောင်းချခဲ့ပြီး နွေရာသီကာလ ရောက်ရှိချိန်အထိ အရန်ဆန်မှ လစဉ် ထုတ်ရောင်းပေး စီစဉ်ထားကြောင်း သိရပါသည်။

Source: NHK World, 28 Apr 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်)