
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (ပထမအကြိမ်) ဘီးလင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၃.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော် များနှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးများက ဘုရားပင့်ခြင်း၊ နတ်များပင့်ဖိတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မင်းကျောင်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာစာရ (သာသနဓဇ ဓမ္မာစရိယ)ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူခဲ့ကြသည်။ အဆိုပါ မြို့နယ်အဆင့် အသံမစဲမဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုင်ငံတော် ဗဟိုသံဃာ့ဝန် ဆောင်ဆရာတော် ဘီးလင်းမြို့ငြိမ်းချမ်းရိပ်မြုံ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ၊ မြို့နယ်ဩဝါဒစရိယလေသာ ကျောင်းတိုက်ဆရာတော် ဥူးကောဝိဒ၊ မြို့နယ်သံဃာ့ နာယက ဆရာတော် ဒေါက်တာပညာသာမိ တို့အပါအဝင် ပင့်ဖိတ်သံဃာ (၃၅)ပါး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များမှ ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ (၇) တိုင်တိုင် အသံမစဲမဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်ရှိ လမ်းများ တွင်လည်း ကားများဖြင့် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများကို လိုက်လံ ရွတ်ဖတ်ပူဇော်သွား မည်ဖြစ်ကြောင်း သိရသည်။
DOCA(မွန်)