ပေါင်မြို့နယ်တာဝန်ခံသည် စားအုန်းဆီကော်မတီဝင်များနှင့် ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

   ၃.၄.၂၀၂၅ ရက်နေ့တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ် တာဝန်ခံ ဦးအောင်မျိုးဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ စားအုန်းဆီ ကော်မတီဝင်များနှင့် ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းစည်းအဝေး ကျင်းပခဲ့သည်။

   အဆိုပါ အစည်းအဝေးတွင် စားအုန်းဆီများ ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေး အတိုင်းရောင်းချမှု ရှိ/မရှိ၊ အချိန်တွယ်မှန်ကန်မှုရှိ/မရှိ၊ ရပ်ကွက်နှင့်ကျေးရွာတို့တွင် ပြည်သူများ လက်တွင်းသို့ ရောက်ရှိမှု ရှိ/မရှိ၊ လက်ရှိရောင်းချနေသည့် လက်လီ ကိုယ်စားလှယ်များအား အမြဲမပြတ် သတိပေးခြင်းနှင့် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူနိုင်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)