မွန်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းဆင်းပွဲတက်ရောက်

Powered by Drupal

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(မုဒုံမြို့)၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၉)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၈.၃.၂၀၂၅ ရက်နေ့၊ နံနက် (၈)နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

    အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်(၇)ရပ်မှာ ပါဝင်သည့် တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရန်ဟူသော ရည်မှန်းချက်နှင့်အညီ အခြေခံပညာရပ်များအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၄၅ ကျောင်း ကိုဖွင့်လှစ်ပြီး ခေတ်အဆက်ဆက် ပညာသင်ယူမှု အခွင့်အလမ်း နည်းပါးသော နယ်စပ်ဒေသက တိုင်းရင်းသားလူငယ်များအတွက် အခြေခံပညာသင်ယူနိုင် အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အရေးကြီးသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများမှာပင်လျင် အသက်မွေးဝမ်းကျောင်းပညာရေးကို အထက်တန်းစားပညာရေးအဖြစ် သတ်မှတ်ပြီး အားပေး မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုသင်တန်းကို တက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသူများအနေဖြင့် မိမိတို့ကိုယ်တိုင် အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူများ ဖြစ်အောင် အစဉ်ကြိုးစားပြီး စူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီးမှု၊ လုံ့လဝီရိယပြုမှုတို့ဖြင့် မိမိတို့ဘဝ တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစားသွားကြပါရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)