ကံမမြို့တွင် Than Thar Trading Co.,Ltd မှ ပင်စင်စားများနှင့် ရပ်ကွက်နေပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှုအား ပူးပေါင်းဆောင်ရွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၆.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကံမမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား လစာထုတ်ယူသည့်ကာလဝန်းကျင်တွင် စားအုန်းဆီများ သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးမှုအား သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     သရက်မြို့ Than Thar Trading Co.,Ltd  လက်ခွဲကိုယ်စားလှယ် ပြည့် ဆီအရောင်းဆိုင်မှ စားအုန်းဆီ ပိဿာ(၂၀၀)အား‌ရောင်းချရာတွင် ပင်စင်စား(၁)ဦး စားအုန်းဆီ(၅၀)ကျပ်သား ဘူး အပါအဝင် (၁)ဘူးလျှင် ကျပ်(၄၄၀၀)ဈေးနှုန်းဖြင့် စုစုပေါင်း ပင်စင်စား(၄၀၀)ဦးအား ရောင်းချခဲ့ ကြောင်းသိရသည်။ ဆက်လက်၍ အမှတ်(၁)နှင့်(၂) ရပ်ကွက်တို့ရှိ ရွှေတိုး နှင့် ဟိန်း ဆီဆိုင်တို့မှ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို လူ(၁)ဦးလျှင် (၁)ပိဿာ ကျပ်(၈၀၀၀)ဈေးဖြင့် စနစ်တကျ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)