
၂၀၂၅-ခုနှစ်၊မတ်လ (၂၈)ရက်နေ့၊ နေ့လယ်(၁၂)နာရီ (၅၁)မိနစ်၊ (၀၂)စက္ကန့်အချိန်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ခံစားလျက် မတ်လ (၃၁)ရက်နေ့မှ ဧပြီလ (၆)ရက်နေ့အထိအား နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ ရက်အဖြစ် သတ်မှတ်ထားရာ၊ (၁.၄.၂၀၂၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၂)နာရီ (၅၁)မိနစ်၊ (၀၂)စက္ကန့်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သော ဝမ်းနည်းခြင်းအထိမ်းအမှတ် လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ ချောက်မြို့တွင်လည်း တစ်မိနစ်ငြိမ်သက်၍ ဦးညွန့်ဂါရဝပြု ခြင်းနှင့် ဘုရားစေတီများ၊ ဘုရားကျောင်းများ၊ ဝတ်ပြုနေရာများတွင် ဆုတောင်းမေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြုလုပ်ခြင်းကို ချောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၊ ဥက္ကဌ ဦးမိုးဇော်နိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများဖြင့်လည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများဖြင့် လည်းကောင်း၊ မီးသတ်ယာဉ်ဖြင့် ဥဩဆွဲ၍ (၁)မိနစ်ငြိမ်သက်၍ ဦးညွတ် ဂါရဝပြုခြင်းများဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာရုံးများတွင်လည်း သက်ဆိုင်ရာဝန်ထမ်းများဖြင့် လည်းကောင်း နိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူ၍ (၁)မိနစ်ငြိမ်သက်ကာ ဦးညွတ်ဂါရဝပြုခြင်း၊ လမ်းသွားလမ်းလာပြည်သူများက မော်တော်ယာဉ်များကို ရပ်တံ့၍ ဂါရဝပြုခြင်းများဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ချောက်မြို့၊ အေးစေတီဘုရားကုန်းပေါ်ရှိ သာသနာ့ဗိမာန်တော်၌ ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်များရွတ်ဆိုခြင်း၊ မေတ္တာပို့၊ အမျှအတန်းပေးဝေခြင်း များဆောင်ရွက်ခြင်းနှင့် ချက်ကျောင်းများ၊ ဗလီများတွင်လည်း ဝတ်ပြုဆုတောင်းမေတ္တာ ပို့သခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အင်အားအလွန်ပြင်း ထန်သည့်မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာ နားလည်မှုများနှင့်အတူ ခံစားလျှက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းနေ့ရက်အဖြစ် မတ်လ (၃၁)ရက် နေ့မှ ဧပြီလ (၆)ရက်နေ့အထိအား သတ်မှတ်ထားရာ ရုံးဌာနများ၊ ကျောင်းများ၊ အများသက်ဆိုင်သည့် နေရာများတွင် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူထားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မကွေး)