ပခုက္ကူနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊  စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်များ ကင်းရှင်းပြီး ဈေးကွက်များပိုမို ရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါ သည်။

   ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်အတွင်း ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒုတိယ ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ မြေပဲဆုံဆီ လုပ်ငန်းရှင်များထံသို့ (၂) ကြိမ်၊  ခေါက်ဆွဲမရွေး လုပ်ငန်းရှင်ထံသို့(၁)ကြိမ်၊ ဘာယာလုံးကြော်လုပ်ငန်းရှင်ထံသို့(၁)ကြိမ်၊ ကိတ်နှင့်မုန့်လုပ်ငန်းရှင်ထံ သို့(၁)ကြိမ်၊ ပဲပွကြော် လုပ်ငန်းရှင်ထံသို့(၁)ကြိမ်၊ စုစုပေါင်း လုပ်ငန်းရှင်တွေ့ဆုံမှု(၆)ကြိမ် သွားရောက်၍ အသိပညာပေး ခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

   ဆိပ်ဖြူမြို့၊ မြို့နယ် တာဝန်ခံအနေဖြင့် အလယ်ပိုင်းရပ်ကွက်ရှိ ပဲကြော် ၊ အနောက်ပိုင်းရပ် ကွက်ရှိ ဖုန်းနှင့်ဖုန်းအပိုပစ္စည်းရောင်းချသည့် လုပ်ငန်းနှင့် ပတ္တမြားဈေးရှိ စားသုံးဆီရောင်းချသည့် လုပ်ငန်းများထံသို့ စုစုပေါင်း လုပ်ငန်းရှင်တွေ့ဆုံမှု(၃)ကြိမ် သွားရောက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ ဆေးမျိုးစုံရောင်းဝယ် ရေးလုပ်ငန်းရှင်(၁)ကြိမ် တွေ့ဆုံပြီး ပခုက္ကူခရိုင်(၉)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်း လုပ်ငန်းရှင် တွေ့ ဆုံမှု(၁၀)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)