
ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည်ကော့သောင်းခရိုင်အတွက်လိုအပ်သည့်ဆန်များကိုရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၁၈၀၀)၊ အိတ်ရေ(၃၆၀၀၀) အား MV Law Pan-5 စက်လှေဖြင့် (၄.၄.၂၀၂၅) ရက်နေ့တွင်ကော့သောင်းမြို့သို့ ရောက်ရှိလာကြောင်း သိရှိရပါသည်။
အဆိုပါ ရောက်ရှိလာသော ဆန်အိတ်များကို ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)