
၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်တွင် ကော့သောင်းမြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့မှ အော်ပရေတာများအား ဆင်းကတ်အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကော့သောင်းမြို့နယ်တရားမဝင်ဆင်း ကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ဆင်းကတ်အရောင်းကိုယ်စားလှယ်များအား ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင်ရောင်းချခြင်းနှင့် လွဲပြောင်းရာတွင် စနစ်တကျ ပြန်လည်မှတ်ပုံတင်ခြင်းအား အမိန့်ကြော်ငြာစာအမှတ်(၁၈/၂၀၂၃)ကို ကော့သောင်းမြို့နယ်အတွင်းရှိ ဆင်းကတ်ရောင်းချသည့်နေရာများနှင့် အရောင်းဆိုင်များကို အသိပညာပေးပြီး၊ တရားမဝင်ဆင်းကတ်များ ရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့မှ ဆက်သွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားပါမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(တနင်္သာရီ)