တောင်ကြီးမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  ၂၀၂၅ ခုနှစ်၊ ဧပြီလ (၃)ရက် နေ့၊ နေ့လယ် (၁၄: ၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ စားအုန်းဆီ ရောင်းချနေသော လက်လီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူများထံသို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပေးပါကြောင်း သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်း၊ ရောင်းချမှုလက်ခံ စာရင်းဇယား များလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြား မသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် စဉ်ဆက်မပြတ် ရောင်းချပေးနိုင် ပါရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)