အမျိုးသားရေးစိတ်ဓာတ်ကိုမြှင့်တင်ကာ ကမ္ဘောဒီးယားထုတ်ကုန်များကို ဝယ်ယူအားပေးကြရန် ပြည်သူများအား ဝန်ကြီးချုပ်တိုက်တွန်း

Powered by Drupal

   ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet နှင့် One Village One Product (OVOP) မြှင့်တင်ရေးကော်မတီ၊ ဥက္ကဋ္ဌတို့သည် ပြည်သူမျာအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပြီး ခမာထုတ်ကုန်များကို အမျိုးသားရေးစိတ်ဓာတ်ဖြင့်သုံးစွဲကြရန်တိုက်တွန်းခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကျရောက်သော (၈) ကြိမ်မြောက်အမျိုးသားနေ့အား ဂုဏ်ပြုသောအားဖြင့် မိန့်ခွန်းတွင် ဝန်ကြီးချုပ် Hun Manet က ခမာလူမျိုးများသည် မိမိတို့ လူမျိုးများ၏ ဒေသထွက်ကုန်များဆက်လက်တည်တံ့စေရန်အတွက် နှင့်နိုင်ငံ၏ ဂုဏ်သိက္ခာ တို့ကို မြှင့်တင်ရန်အတွက်တိုက်တွန်းခဲ့သည်။ တစ်ချိန်တည်းတွင် ဝန်ကြီးချုပ်က ကမ္ဘောဒီးယား နိုင်ငံရှိ ကုန်စည်ဒိုင်များအား အရည်အသွေးမြင့်၊ အမျိုးအစားစုံလင်မှု၊ စားသုံးသူယုံကြည်မှု ပိုမို ရရှိစေရန် အမျိုးသားကော်မတီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်၊ နိုင်ငံတော်အဆင့်နှင့် နိုင်ငံတော်အဆင့် လက်အောက်ရှိ  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအားလုံးအား ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍမှ တာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။ အစိုးရအနေဖြင့် (OVOP) လှုပ်ရှားမှုကို မြှင့်တင်ရန်အတွက် နိုင်ငံတော်၏ မူဝါဒတစ်ရပ်ကို ချမှတ်ပြီး ကုန်ကြမ်း ထုပ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပြည်သူများအား ပါဝင် ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို မြှင့်တင်ပေးနိုင်ကြောင်းထပ်လောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က မကြားသေးမီ နှစ်များအတွင်း (OVOP) လှုပ်ရှားမှုကို မြှင့်တင်ခြင်းသည် ကောင်းမွန်သောရလဒ်များရရှိခဲ့ပြီး ကမ္ဘောဒီးယား ထုတ်ကုန်များအား အရည် အသွေး၊ စံချိန်စံညွှန်း၊ သန့်ရှင်းမှုနှင့် ထုတ်ပိုးမှုတို့တွင် အပြုသဘောဆောင်သော ပြောင်းလဲမှု များကိုဖြစ်ပေါ်စေပြီး ပြည်တွင်းနှင့်ပြည်ပဈေးကွက်များအတွက် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)