ကမ္ဘောဒီးယား၏ အာမခံလုပ်ငန်းသည် ယခုနှစ် ပထမ (၂) လအတွင်း စုစုပေါင်းပမာဏ သည် ကန်ဒေါ်လာ ၇၂ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၆၇.၃၈ သန်းမှ ၇.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း Insurance Regulator Of Cambodia (IRC) ၏ ၃၁.၃.၂၀၂၅ ရက်နေ့ကထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။ အာမခံကဏ္ဍ၏ တိုးတက်မှုသည် အသက်အာမခံနှင့်အထွေထွေအာမခံ ကဏ္ဍနှစ်ခုလုံးမှ အဓိကရရှိလျက်ရှိသည်။ အသက် အာမခံကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၉.၇၅ သန်း(၄.၉ ရာခိုင်နှုန်း) နှင့်အထွေထွေ အာမခံကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၂.၆၈ သန်း (၈.၇ ရာခိုင်နှုန်း) အသီးသီးမြင့်တက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍသည် လက်ရှိတွင် စုစုပေါင်းပဏသည် ခန့်မှန်းခြေ အားဖြင့် အမေရိကန်ဒေါ်လာ ၁၁.၃ သန်းဖြစ်ပြီး အစောပိုင်းကာလတွင် ကန်ဒေါ်လာ ၁၇.၂၆ သန်းမှ ၃၄.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ အာမခံ လုပ်ငန်း၏ စုစုပေါင်းပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိပြီး နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်ကုန်(GDP) ၏ ၁.၁၇ ရာခိုင်နှုန်းရှိသည်။ IRC ၏ ညွှန်ကြားရေးမှူးချုပ် Bou Chanphirou က အာမခံတန်ဖိုး မြင့်တက်မှုသည် နိုင်ငံအတွင်း ဈေးကွက်ခိုင်မာမှုကို ထပ်ဟပ်စေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အာမခံဈေးကွက်တွင် အာမခံ အဖွဲ့အစည်းပေါင်း ၁၀၅ ခုရှိပြီး အထွေထွေအာမခံကုမ္ပဏီ ၁၈ ခု၊ အသက်အာမခံ ကုမ္ပဏီ ၁၄ ခု၊ အသေးစားအာမခံကုမ္ပဏီ ၇ ခု၊ အာမခံပွဲစား ကုမ္ပဏီ ၂၁ ခု၊ အာမခံ ကိုယ်စားလှယ် လုပ်ငန်း ၃၉ ခု၊ ဆုံးရှုံးမှုညှိနှိုင်းပေးသည့် ကုမ္ပဏီ ၃ ခု၊ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းကုမ္ပဏီ ၃ ခုတို့ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Source : Khmer Times
DOCA(ရန်ကုန်)