
၂.၄.၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးသည် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ မုတ္တမဆိပ်ကမ်းသို့ ဘိလပ်မြေတန်ချိန်(၃၁၀၀)ရောက်ရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
ထိုသို့ စစ်ဆေးရာတွင် လက်ရှိ ပွင့်လင်းရာသီတွင် နိုင်ငံတစ်ဝန်းဆောက်လုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်မှုလုပ်ငန်းများအတွက် လိုအပ်သော ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကိုပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုအား ဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှဘိလပ်မြေများကို ပင်လယ်ရေကြောင်းနှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းခွင့်ပြုထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ၌ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်သည် တန်ချိန် (၃၁၀၀) တင်ဆောင်လာပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ မုတ္တမဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဧပြီလ ၂ ရက်မှာ ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)