မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆေးဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၄)ဦး တို့သည် (၁.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ထန်းတပင်မြို့နယ်၊ မြို့မဈေးမှ ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာ ချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့် ဆေးဆိုင်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် (C)ရုံ၊ အခန်း(၁၀/၁၁)မြို့မဈေး၊ ထန်းတပင် မြို့နယ်ရှိ ဆာကူရာဆေးဆိုင်သို့ ဆေးဆိုင်ပိုင်ရှင် ဒေါ်ခိုင်မြတ်မွန်မှ ဆေးများကို မင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးမှ ဝယ်ယူ၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကား ခြင်းများရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိ၊ ဆေးများပြတ်လပ်ခြင်း ရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)