(၁.၄.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၄)ဦးတို့သည် ဈေးတာဝန်ခံပူးပေါင်းပါဝင်လျက် မြို့မဈေး အတွင်းရှိဆန်ဆိုင်များတွင် လက်ရှိဖြစ်ပေါ်နေသည့်ဆန်ဈေးကွက်အခြေအနေများအား ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထန်းတပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် လက်ရှိဖြစ်ပေါ်နေသည့်ဆန်ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့မဈေး အတွင်းရှိ ဆန်ဆိုင်များ တွင် ရွှေဘိုပေါ်ဆန်းနှင့်ပေါ်ဆန်းဆန်ကို ကုန်စည်ဒိုင်မှ ဝယ်ယူရောင်းချလျက်ရှိပြီး ဆင်းသုခ၊ ဧည့်မထအစရှိသည့်ဆန်ကြမ်းများကို ဒေသထွက်ဝယ်ယူရောင်းချသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများက တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်မှုရှိလျှင် MyRo တွင် မှတ်ပုံတင်ပြုလုပ်ကြရန်နှင့် မသမာသောနည်းလမ်းဖြင့် ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေးကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရန်ကုန်)