
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျောက်တန်းမြို့မဈေး အတွင်း/ အပြင်ရှိ စားအုန်းဆီရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ဧပြီလ (၁)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တန်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဆီစာအုပ်စနစ်ဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ဆီရောင်းချမှုရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးမှ ဝန်ထမ်းများ၊ ကျောက်တန်းမြို့မဈေး တာဝန်ခံနှင့်စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆီထုတ် ကိုယ်စားလှယ် ဦးကျင်ပိုးတို့နှင့် စားအုန်းဆီရောင်းချသော ကုန်စုံဆိုင်များသို့ သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူနိုင်စေရေး၊ ဆီဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ထုတ်ယူပြီး ဆီများ သိုလှောင်ထားခြင်းမရှိစေရေး၊ ဆီရောင်းချရာတွင် အလေးချိန် မှန်ကန်စေရေးအတွက် စစ်ဆေးရခြင်းဖြစ်ပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့် ထုတ်ယူသောဆီများအား မသမာသော နည်းလမ်းများဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်နှင့် ဆီဆိုင်ပိုင်ရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)