“ သုံးခွမြို့နယ်တွင် စားသုံးဆီရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ရပ်ကွက်များတွင် စားသုံးဆီရောင်းချနေသော ဆိုင်များသို့ ဧပြီလ (၁)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ စားသုံးဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်နှစ်ရာခိုင်နှုန်းအမြတ်နှင့် သယ်ယူစရိတ်ပေါင်း ထည့်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချကြရန်၊ မသမာသောနည်းဖြင့် ဈေးနှုန်းကစားရန် ရည်ရွယ်ချက်ဖြင့် စားသုံးဆီများအား သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုလုပ်ကြရန်၊ ရပ်ကွက်/ကျေးရွာများသို့ စာအုပ်စနစ်ဖြင့် အိမ်ထောင်စုအလိုက် ရောင်းချရာတွင်လည်း အလေးမှန်ဈေးမှန် ဖြင့်ရောင်းချကြရန်နှင့် ထိုသို့ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ဆီရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)