“ သုံးခွမြို့နယ်တွင် ဆောင်းသီးနှံများ ရိတ်သိမ်းပြီးစီး ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသည့် ပဲတီစိမ်း(၁၃၉၅၇၆) ဧကမှာ ရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်း သုံးခွမြို့နယ် မြေစာရင်းဦးစီး ဌာနမှ သိရသည်။

    သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲတီစိမ်းဧက (၁၃၉၅၇၆)ဧက စိုက်ပျိုးနိုင်ခဲ့ ပြီး ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။ ယခင်နှစ် ပဲတီစိမ်းစိုက်ဧကမှာ (၁၄၀၃၆၃) ဧကဖြစ်ပြီး ယခုနှစ်စိုက်ပျိုးရာသီချိန်တွင် မိုးမကြာခဏရွာသွန်းမှုကြောင့် စိုက်ပျိုးချိန်နောက်ကျ သဖြင့် စိုက်ပျိုးဧက ယခင်နှစ်ကထက်လျော့နည်းသွားကြောင်း သိရသည်။ ယခုနှစ် ပဲတီစိမ်းအထွက်နှုန်း အနေဖြင့် တစ်ဧကပျှမ်းမျှမှာ (၁၇.၀၈)တင်း ဖြစ်ကြောင်း၊ ယခင်နှစ်တွင် တစ်ဧကပျှမ်းမျှ (၁၆.၄၂)တင်းဖြစ် ၍ ယခုနှစ်အထွက်နှုန်းအနေဖြင့် စိုက်ပျိုးဧကလျော့နည်းလာသော်လည်း ယခင်နှစ်ထက်အထွက်နှုန်း အနည်းငယ်ပိုလာကြောင်း တွေ့ရှိရပါသည်။ ပဲတီစိမ်းတောင်သူများကိုလည်း သက်ဆိုင်ရာဌာနများမှ ဒေသနှင့်ကိုက်ညီသည့် ပဲတီစိမ်းမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေ ရေး၊ သီးနှံထွက်ပိုးမွှားများ ကျရောက်မှုကင်းရှင်းစေရေး၊ သဘာဝမြေဩဇာစနစ်ကျ သုံးစွဲတတ်စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် အချိန်မီစိုက်ပျိုး ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ စသည့် တောင်သူ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲတီစိမ်းကို ဧကတိုးချဲ့ စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်း စားသုံးမှုဖူလုံရုံ သာမက ပြည်ပို့ကုန်အထိပါ ဆောင်ရွက်နိုင်၍   ပို့ကုန်ကဏ္ဍတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေများ လည်း တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

DOCA(ရန်ကုန်)