
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ရပ်ကွက်များတွင် စားအုန်းဆီရောင်းချ လျက်ရှိသော ဈေးဆိုင်များတွင် စားသုံးပြည်သူများအား ဆီထုတ်စာအုပ်စနစ်ဖြင့် သတ်မှတ်ဈေးနှုန်းများ အတိုင်း ဆီရောင်းချမှုရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဧပြီလ(၁)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ်အတွင်း နေ့စဉ် စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆီထုတ်ကိုယ်စားလှယ် ဦးရဲဝင်းကျော် (ရွှေခြင်္သေ့) ကုန်မျိုးစုံဆိုင်နှင့် ဦးရဲထွန်း ကုန်မျိုးစုံအရောင်းဆိုင်များတွင် စားအုန်းဆီများရောင်းချရာ၌ စားသုံးသူပြည်သူများ သတ်မှတ်ဈေးနှုန်းများအတိုင်း ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူနိုင်စေရေး၊ ဆီဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ထုတ်ယူပြီးဆီများအား သိုလှောင်ထားရှိခြင်းမရှိစေရေး၊ ဆီချိန်တွယ်ရောင်းချရာတွင် လည်း အလေးချိန်မှန်ကန်စေရေးအတွက် စစ်ဆေးရခြင်းဖြစ်ပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့် ထုတ်ယူသော ဆီများအား မသမာသောနည်းလမ်းများဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်များအား အသိပညာပေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)