ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

 

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်း စာရေး)    နှင့်  ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင် ၊ တာမွေမြို့နယ် ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာ ပေးမှုများ နေ့စဉ် ဆောင်ရွက်လျှက်ရာ (၂.၄.၂၀၂၅) ရက်နေ့၊ နေ့လယ်ပိုင်းတွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် အတွင်းရှိ ဆန်လက်လီရောင်းချနေသော ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်း၊ အမှတ်(၁၅)ရှိ ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည်      ရက်(၉၀) ၊‌ပေါ်ဆန်းမွှေး (ဟောင်း) ၊ ဇီယာ ၊အညာသား(ရှယ်)၊ရွှေဘိုကျားပျံ ၊ ဆင်းသွယ် (ဟောင်း)၊ တောင်ပျံ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး၊၎င်းဆန်ဈေးနှုန်းမှာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေခြင်း ရှိ/မရှိ နှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကွာခြားချက် ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)