တာမွေမြို့နယ် ၊(ဝင်း)စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင်(ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ တို့ ပူးပေါင်း၍ (၂-၄-၂၀၂၅) ရက်နေ့ ၊ နေ့လယ်  (၁၂:00)နာရီအချိန်တွင် အမှတ်(၃၀)၊ (၆၄)လမ်း၊ တာမွေကြီး (ခ)ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ဦးဉာဏ်ဝင်း(ဝင်း)ဆီဆိုင်အား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းနိုင်က မြို့နယ်အတွင်း ရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီ ရောင်းချပေးနေမှု အခြေအနေများနှင့် စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ် ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင် ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)