သန့်ရတီ(ဦးဇေ)စားအုန်းဆီရောင်းဝယ်ရေးဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများသည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ တို့ပူးပေါင်း၍ (၂-၄-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:00)နာရီအချိန်တွင် အမှတ်(၁)၊ ကန်ဘဲ့ဈေး ဘူတာရုံ လမ်း၊ (၁၂)ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော (သန့်ရတီ)ဆီဆိုင်အား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ဆိုင်ရှင်နှင့်တွေ့ဆုံခဲ့ရာ လက်လီ/လက်ကားဈေးနှုန်းများကို ဗီနိုင်းတွင် ရေးသားထားပြီး ချိတ်ဆွဲ ရောင်းချနေကြောင်း၊ ခွဲတမ်းရရှိသည့် ဆီပေပါများကို လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်၊ အကြော်ဆိုင်များအား ခွဲဝေရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ဈေးကစားရန် အလို့ငှာ စားအုန်းဆီများ သိုလှောင်ထားခြင်း မရှိစေရေး အသိပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)