ဖျာပုံမြို့နယ်တွင် သောက်ရေသန့်ဘူး အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော ရေသန့်ဘူးများတွင် တံဆိပ်အမှတ်အသား ဖော်ပြထားရှိမှု၊ ထားသိုသိမ်းဆည်းပုံ အညွှန်း ၊ သက်တမ်းကုန်ဆုံးရက်၊ထုတ်လုပ်သည့် ရက်စွဲ၊ FDA ထောက်ခံချက်အမှတ်၊ လိပ်စာ၊ ဖုန်းနံပတ် ဖော်ပြထားရှိမှု ၊ အလေးချိန် ဖော်ပြထားရှိမှု ၊ ရေသန့်ဘူးများကို အမိုးအကာအောက်တွင် စနစ်တကျ ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)