မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့နယ်မှ ဆန်၊စပါးကုန်သည်များအသင်းနှင့် တွေ့ဆုံမှု မှတ်တမ်း

Powered by Drupal

    ဧရာဝတီတိုင်းဒေကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်ရှိတာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၄.၄.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ အိမ်မဲမြို့နယ်မှ ဆန်၊စပါးကုန်သည်များအသင်းနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

          ထို့သို့ ဆွေးနွေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ ဆန်၊စပါးကုန်သည်အသင်းများအား အရည်အသွေးနှင့် အလေးချိန်ကောင်းမွန်ရန် စနစ်တကျထားရှိခြင်း၊ မြို့နယ်တွင်း နှင့်အခြားဒေသများသို့ စားသုံးရန်ရောင်းဝယ်လျက်ရှိပြီး မြို့နယ်ရှိဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက် ဆန်ဈေးနှုန်းများ၊ စပါးဈေးနှုန်းများ သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းဖြစ်စေရန် ဆောင်ရွက်ပါသည်။ လက်ရှိဆောင်ရွက်မည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြိး ဒေသတွင်း သီနှံဈေးနှုန်းများ သတင်းပို့ဆောင်ရွက်ပါမည်။ အရောင်းအဝယ်အခြေအနေ ကောင်းမွန်ပါသည်။ အသင်းတိုးတက်ရေး အတွက်နှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အတွက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)