
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ (၃.၄.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်လေးပင်ခရိုင် တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူးဦးရဲမင်းထွဋ်၊ စစ်ဆေးရေးမှူး ဒေါ်ကြည်ကြည်ထွန်း၊ အငယ်တန်းစာရေး များဖြစ်ကြသော ဒေါ်ဝါဝါအောင်နှင့် ဦးနေမျိုးဝင်းတို့သည် မိတ်ဖက်ဌာနအဖွဲ့အစည်းများနှင့်အတူ ညောင်လေးပင်မြို့မဈေး အတွင်းရှိကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ညောင်လေးပင်ခရိုင်တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူး ဦး ရဲမင်းထွဋ်၊ စစ်ဆေးရေးမှူး ဒေါ်ကြည်ကြည်ထွန်း၊ အငယ်တန်းစာရေးများ ဖြစ်ကြသော ဒေါ်ဝါဝါအောငနှင့် ဦးနေမျိုးဝင်း၊ မိတ်ဖက်ဌာနများဖြစ်သော ညောင်လေးပင်မြို့မဈေး တာဝန်ခံတို့နှင့်အတူ ညောင်လေးပင်မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား စစ်ဆေးခဲ့ပါ သည်။ ထိုကဲ့သို့ စစ်ဆေးဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကော်ဖီထုပ် များ၊ ငရုတ်သီးထုပ်များ၊ အချိုမှုန့်ထုပ်များ၊ ဟင်းခတ်အမွှေးအကြိုင်ထုပ်များတွင် ကုန်အညွှန်း အမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ ပစ္စည်းများ ပြတ်လပ်ခြင်း ရှိ/မရှိ နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရန် အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)