
ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၁.၄.၂၀၂၅)ရက်နေ့၌ မြေ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ခန့်ငြိမ်သက်အလေးပြုခဲ့ရာ ညောင်လေးပင်ခရိုင်နှင့် မြို့နယ်အဆင့်ရှိဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့ကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁.၃.၂၀၂၅ ရက်နေ့မှ ၆.၄.၂၀၂၅ ရက် နေ့အထိ (၇)ရက်အား နိုင်ငံတော်မှကြေညာခဲ့ပြီး နိုင်ငံတော်အလံကိုလည်း တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားရန် ညွှန်ကြားထားခဲ့ပါသည်။ ထို့ကြောင့် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းပါဝင်၍ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် တစ်မိနစ်ခန့် ငြိမ်သက်အလေးပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)