မခိုင်ကြီး ကုန်စုံဆိုင်သို့ စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၄)ဦး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ (၁.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာရှိ မခိုင်ကြီး ကုန်စုံဆိုင်တွင် စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဆိုင်ရှင် မခိုင်ခိုင်ဝင်းမှ မိမိရရှိသောခွဲတမ်းအား အိမ်ထောင်စု အလိုက်စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်လိုက်ခွဲထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ် နံနက်(၉)နာရီမှ နေ့လယ်(၃)နာရီထိ ရောင်းချပေးပါကြောင်း၊ ထုတ်ရန် ကျန်သော စာအုပ်များကိုလည်း နောက်တစ်နေ့တွင် ပြန်လည်ထုတ်ပေးပါကြောင်း၊ ရောင်းချရာတွင်လည်း လက်ခံလယ်ဂျာများကို စနစ်တကျရေးသွင်းထားပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)