မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   (၁.၄.၂၀၂၅)ရက်နေ့ နံနက်(၁၁:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၄)ဦး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦး၊ စည်ပင် သာယာဈေးဌာနမှ ဈေးတာဝန်ခံပါ (၁)ဦးတို့ပူးပေါင်းပါဝင်လျက် ထန်းတပင်မြို့နယ်၊ မြို့မဈေးမှ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ စစ်ဆေးခဲ့ရာတွင် ဈေးအတွင်းရှိ ကုန်စုံဆိုင်များဖြစ်သော အောင်ချမ်းသာ၊ မိုးမိုးအေး၊ ဦးဝင်းဗိုလ်၊ ဦးထူးအောင်ဆိုင်များတွင် နေ့စဉ်ရရှိသော ခွဲတမ်းများအား နေ့စဉ်သတ်မှတ်ဈေးနှုန်း အပေါ် (၂%)အမြတ်တင်၍ ရပ်ကွက်အလိုက် စားသုံးသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)