စားအုန်းဆီလက်လီအရောင်းဆိုင်အား သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၁.၄.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်းဝန်ထမ်း(၄)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦး၊ ဆီကုန်သည်များအသင်းမှ(၂)ဦးပါဝင်လျက် ရွှေလဝန်းကုန်စုံဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၅၀၈)၊ ဘုရင့်နောင်လမ်း၊ (၃)ရပ်ကွက်ရှိ ရွှေလဝန်းကုန်စုံ ဆိုင်ပိုင်ရှင် ဦးသက်ဝေအား တွေ့ဆုံမေးမြန်းခဲ့ရာ မိမိရရှိသောခွဲတမ်းများအား စာအုပ်စနစ်ဖြင့် ရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် (၁)လလျှင် (၅)ကြိမ် (၂.၅)ပိဿာ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးပါကြောင်း၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးပြီး တစ်နေ့စာ တစ်နေ့ကုန်အောင်ရောင်းပေးပါကြောင်း၊ လက်ကျန်လည်း မထားရှိပါကြောင်း၊ (၇)ရက်ကျော်လွန် လည်း ပြန်လည်ရောင်းချပေးပါကြောင်း မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်းရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)