ပို့ကုန်ရငွေ ဝင်ရောက်ရန်ကျန်ရှိသော U Myat Tun Family Co.,Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ပို့ကုန်ရငွေစိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၅)အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လမှ ဒီဇင်ဘာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီအား ၂.၄.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၃)ဦး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၁၀၈)၊ မက္ခရာမင်းသားကြီးလမ်း၊ ဇုန်(၃)၊ လှိုင်သာယာ မြို့နယ်ရှိ U Myat Tun Family Co.,Ltd သို့ သွားရောက်စစ်ဆေးခဲ့ရာ မန်နေဂျာ၊ ဦးမင်းထွန်းဦးအား မေးမြန်းရာ၌ မိမိတို့ကုမ္ပဏီသည် ပဲ Export လုပ်ငန်း လုပ်ကိုင်နေပြီး ပဲ Export ရပ်နားချိန်၌ သိုလှောင်ရုံငှားရမ်းခြင်း လုပ်ကိုင်နေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)