
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသောဆိုင်များတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြှင့်မှုရှိ/မရှိ အခြေအနေ များအား ဧပြီလ (၄)ရက်နေ့၊ နေ့လယ် (၁၄:၁၅)နာရီအချိန်တွင် ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးနှုန်းဈေးကွက် အခြေအနေများ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အနေဖြင့် သုံးခွမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သက်ပိုင်ထွန်းမှ ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန တို့ပါဝင်သောအဖွဲ့ဖြင့် အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်းရှိ ဦးအင်းရွှေနှင့် ညီမ၊ ဒေါ်အေးကြည် အိမ်ဆောက်ပစ္စည်းဆိုင်၊ အမှတ်(၉)ရပ်ကွက်ရှိ အောင်ဇေယျလမ်းရှိ သရဖူအိမ်ဆောက်ပစ္စည်းဆိုင် နှင့် ချမ်းသာအိမ်ဆောက်ပစ္စည်းဆိုင်များသို့ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းကြီးမြင့် မှုရှိ/မရှိနှင့် ဝယ်ယူရရှိမှုအခြေအနေ၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေများအား ဈေးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်း စစ်ဆေး ခဲ့ကြောင်း၊ လုပ်ငန်းရှင်များမှလည်း ဝယ်ယူရရှိသည့် ဈေးနှုန်းအပေါ် သယ်ယူစရိတ်ပါ အမြတ် ရာခိုင်နှုန်း အနည်းငယ်မျှဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း ပြန်လည် ဖြေကြားပေးခဲ့ကြောင်း၊ ဘိလပ်မြေများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)