
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆန်စပါးအသင်းမှ ဦးအောင်မျိုးနိုင်၊ ပုဇွန်တောင်ဈေးတာဝန်ခံဦးစိုးနိုင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ (၄-၄-၂၀၂၅) ရက်နေ့ ၊ (၁၀:၀၀)နာရီအချိန်တွင် အမှတ်(ည/၁၇-၁၈)၊ ဈေးရုံတန်း၊ ပုဇွန်တောင်ဈေးရှိ ဒေါ်အေးအေးမော်(အင်ကြင်းခိုင်) ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးလှစိုးက ဆိုင်အတွင်းရောင်းချ နေသော ဆန်ဈေးနှုန်းများစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တာရာယ်များကိုအကြောင်းပြု၍ ဆန်ဈေးနှုန်းများကို ဈေးမြှင့်တင်ရောင်းချခြင်းမပြုရန် စားသုံးသူပြည်သူများအခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့်သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးကြရန်၊ ဆန်များသိုလှောင် ထားခြင်းမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)