
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆန်စပါးအသင်းမှ ဦးအောင်မျိုးနိုင်၊ ပုဇွန်တောင်ဈေးတာဝန်ခံဦးစိုးနိုင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ (၄-၄-၂၀၂၅) ရက်နေ့ ၊ (၁၀:၂၀)နာရီအချိန်တွင် အမှတ်(ည/၁၅-၁၆)၊ ဈေး ရုံတန်း၊ ပုဇွန်တောင်မြို့နယ်ရှိ ဆိုင်ရှင်ဦးစည်သူ(ဒို့ညီနောင်)ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်း ချမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးလှစိုးက ဆိုင်အတွင်းရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချသည့်ဈေးနှုန်း များနှင့် ဆန်အိတ်လက်ကျန်များစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တာရာယ်များကိုအကြောင်းပြု၍ ဆန်ဈေးနှုန်းများကို ဈေးမြှင့်တင် ရောင်းချခြင်းမပြုရန် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူ စားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)