မြေငလျင်ဘေးသင့်ဒေသများသို့ ဆန်၊ ဆီနှင့် စက်မှုကုန်ကြမ်း(ဘေထုပ်) များပေးပို့ခြင်း

Powered by Drupal

   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေငလျင်ဘေးသင့်ပြည်သူများအား  ဆန်၊ ဆီများနှင့် စက်မှုကုန်ကြမ်း (ဘေထုပ်) များအား နေပြည်တော်ကောင်စီ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းများသို့ သွားရောက်လှူဒါန်းခဲ့ပါ သည်။

   ထိုသို့သွားရောက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်ခိုင် (ဦးစီးအရာရှိ) သည် ၃၁.၃.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်(၉၀၀) ရာနှင့် ဆီ(၅၀) ကျပ်သား ဗူးပေါင်း (၁၈၀၀) ၊ စက်မှုကုန်ကြမ်းဘေထုပ် (၇၆) ထုပ်အား နေပြည်တော်ကောင်စီမှ ဦးမြင့်လွင်(ဒု-ညွှန်ကြားရေးမှူး) အားအပ်နှံပြီး  မန္တလေးတိုင်းဒေသကြီးရှိ မြို့ဟောင်းသိုလှောင်ရုံသို့ ၁.၄.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်(၂၁၀၀)၊ ဆီ (၅၀) ကျပ်သားဗူး(၄၂၀၀) နှင့် စက်မှုကုန်ကြမ်းဘေထုပ်(၇၆) ထုပ်ကို DOCA မှ ဦးအာကာကျော်(ဒု-ဦးစီးမှူး) ၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ ဆန်အိတ်(၅၀၀) နှင့် ဆီ(၅၀) ကျပ်သား ဗူးပေါင်း(၁၀၀၀) အား ဦးဝင်းလှိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်အပ်နှံ ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)