ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တာဝန်ခံသည် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲများအား (၁၆.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀ : ၀၀) နာရီတွင် ချောင်းစောက်အုပ်စု ပေါက်တောလေးကျေးရွာမှ တောင်သူ ၉၀ ဦးအားလည်းကောင်း ၊ နေ့လည် (၁ : ၀၀) နာရီအချိန်တွင် ချောင်းကမ်းအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာရှိ တောင်သူ ၅၀ ဦးအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်အဖွဲ့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်မှ ကြီးကြပ်၍ ဌာနဆိုင်ရာ ပေါင်းစုံအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်။
ထိုသို့ ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ ၊ စားသုံးဆီများ ပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် လျော့ချသုံးစွဲနိုင်ရေး ဒေသအလိုက် ဆီထွက်သီးနှံများ ရွေးချယ်စိုက်ပျိုးကြခြင်းဖြင့် အရည်အသွေးမီ စားသုံးဆီများ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)