ဧပြီလအတွင်းရောင်းချရန် စားအုန်းဆီများရောက်ရှိ

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ MOA( Myanmar Oil Alliance) ကုမ္ပဏီနှင့် YGND (yatanarpon global network distribution)မှ ထုတ်ယူခဲ့သော စားအုန်းဆီ (၁၂၃)ပေပါသည် (၆.၄. ၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ၎င်းစားအုန်းဆီများကို ဧပြီလအတွင်းရောင်းချပေးမည်ဖြစ်ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူ ပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မြိတ်)