မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြှားကြီးကျေးရွာ အောင်သပြေ ဓမ္မရိပ်သာ ဘုန်းကြီးကျောင်းအပူရှောင်စခန်း၌ အသိပညာပေးဟောပြောပွဲကို (၄.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာစားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားအုန်းဆီလျှော့ချသုံးစွဲရေးနှင့် Online လိမ်လည်မှုများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင် ရန်၊ ရှောင်ရန်လိုက်နာရမည့်အချက်များ၊ ငလျင်ဘေးဖြစ်ပေါ်လာပါက နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်များကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အပူရှောင်စခန်းသို့ လာရောက်အနားယူသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သုတေသနစာအုပ်များ ဖတ်ရှုနိုင်ရေး ငှါးရမ်းပေးခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အာဟာရဒါန အဖြစ်လက်ဖက်၊ ပဲကြမ်းကြော်များ လှူဒါန်းပေးခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်း ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းအား (၄.၄.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)မှစ၍ နေ့စဉ် နံနက် (၀၉:၀၀)မှ ညနေ (၀၇:၀၀)အထိ နေ့စဉ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး (၄.၄.၂၀၂၅)ရက်နေ့ အပူရှောင် စခန်းသို့ အပူရှောင်ရန် လာရောက်သူ ကျား(၅၀)ဦး၊ မ(၇၀)ဦး လာရောက် အပူရှောင်လျက်ရှိ ကြောင်း သိရှိရသည်။
DOCA(မကွေး)