
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် xxx ဆိုင်မှ Asus Proart Display Pa279CV 27” 4 K HDR UHD IPS 60 HZ Moniter အား ငွေကျပ် ၁,၆၅၈,၈၃၅ ဖြင့်ဝယ်ယူခဲ့ရာ အာမခံသက်တမ်း (၃)နှစ်အတွင်း Monitor တွင် Error ဖြစ်ပေါ်သောကြောင့် ဆိုင်သို့ အကြောင်းကြားသော် လည်း User Fault ဟုပြောဆိုပြီး ပြင်ဆင်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ၂၀-၂-၂၀၂၅ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် xxx ဆိုင်မှ တာဝန်ရှိသူတို့အား အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာ တိုင်ကြားသူက သီချင်း သွင်းလုပ်ငန်းလုပ်ဆောင်နေသူဖြစ်ကြောင်း၊ ပစ္စည်းအား ၂၃-၃-၂၀၂၃ ရက်နေ့ တွင် ဝယ်ယူခဲ့ပြီး ၁၀-၆-၂၀၂၄ ရက်နေ့တွင် မှန်ကွဲသွားခဲ့ကြောင်း ၊ မိမိလုပ်ငန်း လုပ်ကိုင်စဉ်အတွင်း မှန်မှာ အကောင်း အတိုင်းဖြစ်ပြီး လုပ်ငန်းရပ်လိုက်သောအခါ ဆိုင်မှအိမ်သို့ ပြောင်းရွေ့လိုက်ပြီး သုံးစွဲခြင်းမရှိဘဲ သိမ်း ထားကြောင်း၊ ၁၀-၆-၂၀၂၄ ရက်နေ့တွင် ပစ္စည်းဖွင့်ကြည့်ရာ မှန်ကွဲနေကြောင်း တွေ့ရှိခဲ့သဖြင့် ဆိုင်သို့ သွားရောက်၍ ပြောကြားရာ User Fault ဟု ပြောကြားပြီး အာမခံသက်တမ်း (၃)နှစ်ပေးထား သော်လည်း ပြင်ဆင်ပေးခြင်းမရှိသောကြောင့် တိုင်ကြားရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ တိုင်ကြားခံရသည့် xxx ဆိုင်မှ မန်နေဂျာဖြစ်သူကလည်း မိမိဆိုင်သို့လာပြစဉ်ကတည်းက ပစ္စည်းကို စစ်ဆေးရာ User fault ကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဌာန၏စေ့စပ်ညှိနှိုင်းပေးမှုအရ xxx ဆိုင်မှ ငွေကျပ် ၈၅၀,၀၀၀/-ကို ပေးလျော်ခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိသဖြင့် တိုင်ကြား မှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။