မြန်အောင်မြို့နယ်အတွင်းရှိကြက်ဥ/ဘဲဥအရောင်းဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင် ရာများနှင့် ပူးပေါင်း၍(၂၈.၄.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေး အတွင်းရှိ ကြက်ဥ၊ဘဲဥ လက်လီ/လက္ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်း ဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြန်အောင်မြို့နယ်အတွင်း ရောင်းချနေသော ကြက်ဥ၊ဘဲဥများ ကို ဥသျှစ်ပင်မှ အဓိကထားမှာယူရောင်းချကြပြီး၊ ကုန်‌ရောက်ငွေချေစနစ်ဖြင့် ဝယ်ယူရောင်းချလျက်ရှိပါ သည်။ တောင်ကြီးဒေသဘက်မှလည်း မှာယူရောင်းချလျက်ရှိပြီး ကုန်စည်များမှာ လိုချင်သလောက်မရရှိ ပဲမျှတဝယ်ယူရောင်းချနေရပြီး လမ်းပန်းဆက်သွယ်ရေး သယ်ယူခနှုန်းထားများကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိသော်လည်း  အရောင်းဆိုင်များအနေဖြင့် တစ်လုံးလျှင် ၂၀ ကျပ်ခန့်သာ အမြတ် တင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)