
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၃.၄.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ထူးကြီးမြို့အတွင်းရှိ “ဝင်းအောင်”ဆီ စက်၊ “မြရတနာ” ဆီစက်နှင့် “စောဝင်း”ဆီစက်သို့ သွားရောက်၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ကြိတ်ခွဲထုတ်လုပ်လျက်ရှိ သောဆီများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိကြောင်း တွေ့ရှိရပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများစားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ် မျှတအောင် ကြိတ်ခွဲထုတ်လုပ်ရန်၊ စားသုံးသူများအသုံးပြုရန် သင့်တော် သောဆီများကိုသာရောင်းချ ရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာရောင်းချနိုင်ရေးရှင်းလင်းဆွေးနွေးခဲ့ကြပြီးကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)