စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၇.၆.၂၀၂၂) ရက်နေ့ နံနက် (၁၀ :၀၀) နာရီ အချိန်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
မင်းလှမြို့နယ်တာဝန်ခံ ဦးစိန်ဝင်းမှ ဌာန၏ ဖွဲ့စည်းဆောင်ရွက်မှုအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း (၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဉပဒေ အခန်း(၁၈) ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရောင်းချရန်၊ ဉပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အချက်အလက်များအကြောင်း ဆွေးနွေးခဲ့ပါသည်။
DOCA(ပဲခူး)