ဒိုက်ဦးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဝန်ထမ်းများနှင့်အတူ ဇွန်လ ၁၆ ရက်နေ့ ၊ နေ့လည်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံပါဝင်သော အဖွဲ့သည် ဒိုက်ဦးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ဖြစ်သော     OK HTOO (2) ၊ OK HTOO (3) ဆိုင်များသို့ သွားရောက်၍ စက်သုံးဆီဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ မန်နေဂျာများက ရှင်းလင်းတင်ပြ ပါသည်။  OK HTOO (2) ၊  OK HTOO (3)   စက်သုံးဆီဆိုင်များတွင် 92 တစ်လီတာလှျင်   2275 kyats   ၊  95 တစ်လီတာလျှင်  2365 kyats ၊       (ဒီဇယ်)  တစ်လီတာလျှင်   2660 kyats ၊     (ပရီမီယာဒီဇယ်) တစ်လီတာလျှင်   2690 kyatsဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှု မရှိစေရေးတို့အတွက် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး ၊ စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေးအတွက် ဝန်ဆောင်မှုပေးရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)