ဖြူးမြို့ အထက(၃)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပသည့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် တိုင်းရင်းဆေးအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ပေးနေခြင်းများ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၀၀ ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲ အပြီးတွင် ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)