ရေတာရှည်မြို့ မူလွန်(ဝါးတောကြီး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ နယ်၊ ဝါးတောကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောပြီး ကလေးငယ်များ ဗဟုသုတဖြစ်ဖွယ်ရာပုံပြင်များကို အဖွဲ့ဝင်များက သရုပ်ဖော်တင်ဆက်ပေးပါသည်။

              ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူအခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုသင့်သည့်အကြောင်းများ၊ ရက်လွန်မုန့်များကို ဝယ် ယူစားသောက်ခြင်းမပြုသင့်ပုံများကို ဟောပြောခဲ့ပါသည်။

              အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၈) ဦးနှင့် ကျောင်းသားကျောင်းသူ (၁၀၇)ဦး စုစုပေါင်း (၁၁၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)