ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ပျူမြို့ဟောင်း၊ မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညို ကျေးရွာရှိ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် (၁၈.၆.၂၀၂၂) နေ့လည် (၁၂:၀၀)နာရီမှ (၁၆:၀၀)နာရီ အချိန်အထိ ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော တောင်သူ (၁၁၂)ဦးအား ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ကြသလို စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းကလည်း မိမိတို့ဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေသော စားသုံးသူရေးရာကိစ္စရပ်များနှင့် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
စားသုံးသူရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းပြီးစီးမှု၊ စားသုံးသူ၏ အခွင့်အရေးများ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် CICC ဖုန်းနံပတ်များကို ဆွေးနွေးပြောကြားခဲ့သလို ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အခြေခံကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုအခြေအနေများ၊ အစုအဖွဲ့၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများအား Power Point ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)