
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောစားအုန်းဆီများကို ရန်ကုန်တိုင်း ဆီကုမ္ပဏီများမှ ခွဲတမ်းရရှိခဲ့ပြီး မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ ၂၀၂၅ခုနှစ်၊ မေလ(၄)ရက်နေ့ တွင် စားအုန်းဆီပေပါ(၃၇၃)သည် ထားဝယ်မြို့ရှိ MV ဝိသာခါရေယာဉ်ဖြင့် သယ်ယူ၍ မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုန်းဆီများသည် ထားဝယ်မြို့တွင် လမ်းခရီအခြေအနေကြောင့် ရေယာဉ်ဖြင့် ပြန်လည်သယ်ယူလာခဲ့ပြီး မြိတ်မြို့၊ ရေနန်းသူဇာတံတားသို့ရောက်ရှိခဲ့ရာ အထူးစစ်ဆေးရေးအဖွဲ့ ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ရောက်ရှိလာသောစားအုန်းဆီများကို ၂% အမြတ်ဖြင့် မြိတ်မြို့ရှိ လက်လီအရောင်းဆိုင်များသို့ ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)