Kazakhstan သို့ ရေ ကုဗမီတာ ၆၀၀ သန်း ထောက်ပံ့လိုက်သည့် Kyrgyzstan

Powered by Drupal

     Kyrgyzstan သည် Kazakhstan သို့ ဆည်မြောင်းရေ ကုဗမီတာ ၆၀၀ သန်းခန့်ထောက် ပံ့ခဲ့ပြီး ထပ်ဆောင်းအနေဖြင့် ယခုနှစ်ဧပြီလအတွက် ရေကုဗမီတာ ၄၅ သန်း ထောက်ပံ့ခဲ့ ကြောင်း ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော Kazakhstan ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး ဌာန ထုတ်ပြန်ချက်အရ သိရပါသည်။ ဆည်မြောင်းရာသီအစတွင် ‌ရေ   ကုဗမီတာ ၄၅ သန်းခန့်ကို Kyrgyzstan မှ Kazakhstan သို့ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။ ဧပြီလအကုန်တွင် ရေကုဗမီတာ ၄၀၀ သန်းခန့်ကို Talas မြစ်မှ တစ်ဆင့်ပို့ဆောင် ခဲ့ပြီး ရေကုဗမီတာ ၁၈၀ သန်းခန့်ကို Chu မြစ်မှ တစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။ ၎င်းရေများကို Kazakhstan ၏ Zhambyl ဒေသရှိ ဆည်မြောင်းရေသုံး စိုက်ပျိုးရေးလယ်ကွင်း များတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ကြေညာမှုသည် Kazakhstan ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး Nurzhan Nurzhigitov နှင့် Kyrgyzstan ရေအရင်းအမြစ်၊ စိုက်ပျိုးရေး နှင့် စီမံကိန်းဆောင်ရွက်နေသော စက်မှုဝန်ကြီး Bakyt Torobayev တို့ တက်ရောက်ခဲ့သည့် Chu-Talas ဆည်မြောင်းစည်မံကိန်းကော်မရှင်၏ ၃၅ နှစ် ပြည့်အစည်းအဝေးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါအစည်း အဝေးတွင် တက်ရောက်လာသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေသန့်စင်မှုများ အတွက် ဆွေနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

Source: Xinhua                

DOCA(ရန်ကုန်)