
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားသိုလှောင်ငွေသည် ၇ လကြာမြင့်ပြီးနောက်တွင် တင်ပို့ဝင်ငွေများ နှင့် ငွေလွှဲပြောင်းမှုများမှ နိုင်ငံခြားဝင်ငွေစီးဆင်းမှုများ မြင့်တက်လာခြင်း ကြောင့် ဒေါ်လာ ၂၂ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။
နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၏ တွက်ချက်မှုအရ နိုင်ငံခြားသိုလှောင်ငွေများသည် ယခင်အပတ်ထက် ဒေါ်လာ ၂၁.၄၁ ဘီလီယံမှ ဒေါ်လာ ၂၂.၀၄ ဘီလီယံ အထိမြင့်တက်ခဲ့ကြောင်း ဗဟိုဘဏ်အချက် အလက်များအရ သိရပါသည်။
သို့ရာတွင် ဗဟိုဘဏ်၏တွက်ချက်မှုများအရ နိုင်ငံခြား သိုလှောင်ငွေစုစုပေါင်းသည် ယခင်အပတ်ထက် ဒေါ်လာ ၂၆.၇၆ ဘီလီယံမှ ဒေါ်လာ ၂၇.၄၁ ဘီလီယံအထိ မြင့်တက်ခဲ့ပါသည်။ တင်ပို့ဝင်ငွေများ နှင့် ငွေလွှဲပြောင်းမှုများမြင့်တက်ခြင်းသည် နိုင်ငံခြားသိုလှောင်ငွေကို မြင့်တက်စေခဲ့ကြောင်း ဗဟိုဘဏ်အရာရှိများ၏ မှတ်ချက်များအရ သိရပါသည်။
မတ်လအတွင်း ငွေလွှဲပြောင်းမှုများသည် ဒေါ်လာ ၃.၂၉ ဘီလီယံအထိ ရောက်ရှိ ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်းတစ်လျောက်တွင် အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ ဧပြီလ အတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံခြားသိုလှောင်ငွေ ဒေါ်လာ ၂.၆၁ ဘီလီယံအထိ ရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဘဏ်၏ အချက်အလက်များအရ သိရပါသည်။
Source: The daily star
DOCA(ရန်ကုန်)