ဘရူနိုင်းနှင့် အိုမန်နိုင်ငံတို့သည် မီဒီယာပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြ

Powered by Drupal

     ဘရူနိုင်းနှင့် အိုမန်နိုင်ငံတို့သည် မီဒီယာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် နားလည်မှု စာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဘရူနိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးမှ ကာကွယ်ရေးဝန်ကြီး Haji Habi Haji Mohd Yusof နှင့် Oman ၏ ပြန်ကြားရေးဝန်ကြီး Abdullah Nasser bin Khalifa al-Harrasi တို့သည် အိုမန်နိုင်ငံ Muscat ၌ ဧပြီလ ၂၈ ရက် နေ့က နားလည်မှုစာ ချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဘရူနိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး၏ ၂၉ ရက်နေ့သတင်းထုတ်ပြန် ချက်အရသိရသည်။ MoU သည် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းဖလှယ်ခြင်း အပါအဝင် မီဒီယာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန်ဖြစ်သည်။ နားလည်မှု စာချွှန်လွှာရေးထိုးခြင်းသည် နှစ်နိုင်ငံကြားရှိပြီးသား ဆက်ဆံရေးအား ပိုမိုတိုးတက်ကောင်းမွန်စေရန် လည်းရည်မှန်းခြင်း ဖြစ်ကြောင်းသိရ သည်။

Source : Xinhua