အာဖဂန်ဝန်ကြီးဌာနသည် မရှိမဖြစ်လိုအပ်သော ဖွံ့ဖြိုးရေးစီမံကိန်း ၁၁၆ ခုအားစတင်ခဲ့

Powered by Drupal

     အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း Wardak ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၂.၈ သန်း ကျော်တန်ဖိုးရှိသော မရှိမဖြစ်လိုအပ်သောဖွံ့ဖြိုးရေးစီမံကိန်း ၁၁၆ ခုအား အာဖဂန် ကျေးလက် ပြန်လည်ထူထောင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၁၁၆ ခုကို အာဖဂန်ကျေးလက်ပြန်လည် ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဧပြီ ၃၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ ကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ တံတားများတည်ဆောက်ခြင်း၊ ရေမြောင်း များ၊ နံရံများ၊ ဆည်မြောင်းများ၊ ကျေးလက်လမ်းများပါဝင်သည့် စီမံကိန်းများကို ပြည်နယ်၏ Jaghato ခရိုင်တွင် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်‌ဖော်ပြ ထားသည်။ အဆိုပါစီမံကိန်းများသည် ဒေသခံရာနှင့်ချီ၍ အလုပ်အကိုင်အခွင့်အလမ်းများပေး ဆောင်ရန်မျှော်လင့်ထားပြီး ခရိုင်အတွင်းမှ ထောင်နှင့်ညီသော လူနေမှုဘဝများ ပိုမိုကောင်းမွန် လာစေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ နိုင်ငံအားပြန်လည်တည်ဆောင်ရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ကြီးဌာနသည် လွန်ခဲ့သည့် ငါးရက်က အရှေ့ပိုင်း Paktika ပြည်နယ်တွင် ‌ဒေါ်လာတစ်သန်းနီးပါး အကုန်ကျခံ၍ ဖွံ့ဖြိုးရေးစီမံ ကိန်း ၆၉ ခုကို စတင် လုပ်ဆောင်ခဲ့သည်။ အာဖဂန်ကြားဖြတ်အစိုးရသည် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် အာဏာရလာ ပြီးကတည်းက နိုင်ငံတစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံစီမံကိန်း များစတင် ရန် အစီအမံများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စီးပွားရေးအခက်အခဲများကိုလျှော့ချရန်နှင့် ၎င်း၏ နိုင်ငံသားများအတွက်အလုပ်အကိုင်ဖန်တီးရန်အာရုံစိုက်ခဲ့သည်။

Source : Xinhua     

DOCA(ရန်ကုန်)